Local News

မြစ်ကြီးနားမြို့ရှိ ကြက်သွန်ဖြူဈေးနှုန်း

Last Updated:


စားဖိုဆောင်သီးနှံ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သည့် မြန်မာကြက်သွန်ဖြူများကို မြစ်ကြီးနားမြို့စည်ပင်သာယာဈေးတွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ကချင်ပြည်နယ်တွင် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးများမှ ဝင်ရောက်လာသော ရှမ်းကြက်သွန်ဖြူနှင့် တရုတ်ဘက်မှဝင်သော ကြက်သွန်ဖြူ (ကြူကုတ်) များက မြစ်ကြီးနားမြို့တွင် စားသုံးသူများ၏ လိုအပ်ချက်အရ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ယခင် မေလနှင့် ဇွန်လများတွင် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ် ဈေးအတွင်းရှိခဲ့ပြီး၊ ယခုလက်ရှိအချိန်၌ မြစ်ကြီးနား မြို့တွင် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာ လျှင် ၁၅၀၀၀ ကျပ်နှင့် ဥတစ်လုံးကြက်သွန်ဖြူ တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး တရုတ်ကြက်သွန်ဖြူ (ကြူကုတ်)သည် ဈေးသက်သာသဖြင့် လူကြိုက်များ၍ ပိုမိုရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News